မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မီးသတ်ဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (သ​င်္ဘောဦး)၌ ပြုလုပ်သည်။

သထုံမြို့ရှိ ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူ‌ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဓါတ်တော်တိုက်‌ (ဒုတိယမဟာစေတီတော်မြတ်ကြီး)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်တွင် သီလရှင်အပါး (၅၀၀)တို့အား အလှူရှင်အသီးသီးတို့မှ ယနေ့နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်အမှတ်(၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက် ရှိသည်။

ချောင်းဆုံမြို့နယ်တွင် လာရောက်နေထိုင်ကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဓမ္မသတ်ကျေးရွာမှ လာရောက်နေထိုင်ကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ် ဦးစီးမှူးရုံးနှင့် ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးတို့ပူးပေါင်းကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မုဒွန်းကျေးရွာ နတ်ရေတွင်းဘုန်းတော်ကြီးကျောင်းနှင့်တောင်စွန်းကျေးရွာ သဒ္ဓမ္ဓဓဇဘုန်းတော်ကြီးကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ဆန်များ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိ‌ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက်‌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်း စစ်‌ဆေးခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာမှ မော်လမြိုင်မြို့သို့ ယာယီနေရပ်စွန့်ခွာ၍ ဘုန်းတော်ကြီးကျောင်း အသီးသီးတွင်ရောက်ရှိ တည်းခို နေထိုင်ကြသူများအား အဆိုပါ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိ‌ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်း စစ်‌ဆေးခဲ့ကြသည်။

ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ ( ၁ ) နာရီ က ပေါင် ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်း၌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်