သထုံ မေ ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းလူငယ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၆ နာရီအချိန်က ဇရစ်ချောင်ကျေးရွာရှိ အမှတ်(၉) စစ်အခြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)အား တက်ရောက်ကြမည့် သင်တန်းသား(၂၅၄)ဦးတို့အား အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်နယ်မှူးဗိုလ်မှူးကြီးအောင်အောင်ဟိန်းနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တာဝန်ရှိသူများနှင့်မိသားစုဝင်များက ပန်းစည်း၊ ပန်းကုံးများ ဂုဏ်ပြုလက်ကမ်း၍ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများအား တပ်နယ်မှူးနှင့်အဖွဲ့မှ အားပေးစကားပြောကြားကာ အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးခဲ့ပြီး နေရာချထားခြင်းများအဆင်ပြေချောမွေ့မှုရှိစေရေးတာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်၊ပြန်/ဆက်