ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျိုက်ထို မေ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်း၌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။   

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသောဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ ဆန်များသိုလှောင်ထားမှုရှိ၊မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းသွားရောက်စစ်ဆေးရာတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်‌/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို၊ပြန်/ဆက်