ပေါင်မြို့နယ်၌ ဆန်များ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိ‌ရေး ကွင်းဆင်းစစ်ဆေး

ပေါင် မေ ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက်‌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်း စစ်‌ဆေးခဲ့ကြသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ပေါင်းရပ်ကွက် ၊ ကဒါရပ်ကွက်၊ ကဒုံစီးရပ်ကွက်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သို‌လှောင်ထားခြင်း ရှိ/မရှိ ကို လိုက်လံစစ်ဆေးပြီး ဈေးနှုန်းမြှင့်ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)