ကျိုက်မရော မေ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာမှ မော်လမြိုင်မြို့သို့ ယာယီနေရပ်စွန့်ခွာ၍ ဘုန်းတော်ကြီးကျောင်း အသီးသီးတွင်ရောက်ရှိ တည်းခို နေထိုင်ကြသူများအား အဆိုပါ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မော်လမြိုင်ခရိုင် ဦးစီးမှူး ဦးသန်းအေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျိုက်မရောမြို့နယ် ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများမှ အသက် (၁၀)နှစ်ပြည့်ပြီးသူ (၁၂)ဦး၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ(၂) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး၊ မိတ္တူ (၁၅)ဦး၊ စုစုပေါင်း (၂၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပြီး အိမ်ထောင်စု(၈)စုတို့အား အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)