သထုံ မေ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိဆန်ဂိုဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
လိုက်လံစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ဘင်လှိုင်ရပ်ကွက် ဂေါ့လမ်းရှိ လှပြည့်ဆန်ဆိုင်၊ နန်းခဲရပ်ကွက် မင်းလမ်းရှိ ထိပ်တန်းဆန်ဆိုင်နှင့် လိပ်အင်းရပ်ကွက် နတ်ကျွန်းရှိ စိန်ပွင့်ဆန်ဆိုင်သို့သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်းရှိ/မရှိကို လိုက်လံစစ်ဆေးပြီး ဈေးနှုန်းမြှင့်ရောင်းချမှုမပြုကြစေရေးအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်၊ပြန်/ဆက်