ချောင်းဆုံ မေ ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဓမ္မသတ်ကျေးရွာမှ လာရောက်နေထိုင်ကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ် ဦးစီးမှူးရုံးနှင့် ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးတို့ပူးပေါင်းကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မုဒွန်းကျေးရွာ၊ နတ်ရေတွင်းဘုန်းတော်ကြီးကျောင်းနှင့် တောင်စွန်းကျေးရွာ၊ သဒ္ဓမ္ဓဓဇဘုန်းတော်ကြီးကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးဆောင်မှုဖြင့်ဝန်ထမ်းများမှ ဓမ္မသတ်ကျေးရွာ ယာယီတိုက်ပွဲရှောင်ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျက်စီး၊ ပျောက်ဆုံး၊ အသစ်၊ လဲလှယ်လိုသူများအားဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁) စောင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)