သံဖြူဇရပ် မေ ၁၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်အမှတ်(၂) စျေး မြေလွတ်၌ ဆက်လက်ရောင်းချပေးလျက် ရှိသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်စျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဝက်သားတစ်ပိဿာ ကျပ် (၁၃၀၀၀) ၊ အမဲသားတစ်ပိဿာ ကျပ် (၁၄၀၀၀)၊ ဆီတစ်ပိဿာ ကျပ် (၆၀၀၀)၊ ကြက်ဥတစ်လုံး ကျပ်(၂၅၀) နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူများစည်ကားလျက်ရှိပြီး အပတ်စဥ် သောကြာနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)