မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.ကထန်းပင်ချောင်ကြီးကျောင်း၌ ဥပဒေရေးရာနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်း၊ ပေါင်မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသီတာစိုး၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၂၅၀)ဦး တက်ရောက်ခဲ့ကြသည်။