ပေါင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေး
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် နံနက် ၆ နာရီမှ စတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မွန်ပြည်နယ်ပေါင်မြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်ပျော်ရွှင်စွာဖြင့် စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။