သံဖြူဇရပ် ဇွန် ၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းတွင် သုတရသစာအုပ်များလာရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် မြို့နယ်တရားသူကြီး ဦးမျိုးခန့်လွင်မှ ပြည်သူများမှ အသိအမြင်ဗဟုသုတ တိုးပွားစေရေးအတွက် လေ့လာဖတ်ရှုနိုင်ရေး မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်မျိုးစုံ (၄၅) အုပ် စုစုပေါင်း တန်ဖိုး ၃ သိန်းဖိုးခန့် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)