မုဒုံ ဇွန် ၉
မွန်ပြည်နယ် မုဒုံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (သင်္ဘောဦး)စာသင်ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စီစီမိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများ၊ ရေချွေတာသုံးစွဲရာတွင် အမျိုးသမီးများ၏ကဏ္ဍ၊ ရေရှားပါးမှုကြောင့် ကြုံတွေ့လာနိုင်သည့် ပြဿနာများ၊ ပလတ်စတစ်ညစ်ညမ်းမှုပပျောက်စေရန် ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်ကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)