ဘီးလင်း ဇွန် ၁၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သော လူထုကျန်းမာရေးလုပ်သား (အကျဥ်းချုံး)သင်တန်း (တတိယအသုတ်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက တတိယအသုတ် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သားသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၆၆ ဦး တက်ရောက်ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ ၁၀ ဦးတို့က နှစ်ပတ်ကြာစာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)