မော်လမြိုင် ဇွန် ၁၁
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းချက်အစီအစဉ်အရ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင်ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာဆွေးနွေးပွဲကို မွန်ပြည်နယ် ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော ပြည်သူများ၏ ယုံကြည်ချက်ကို မလွဲမသွေရရှိမှာဖြစ်ကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်များကို ဆွေးနွေးရာတွင် မိမိတို့၏ အတွေ့အကြုံများဖြင့် မျှဝေဆွေးနွေးပေးကြစေလိုကြောင်းဖြင့် မှာကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဥပဒေအရာရှိနှင့် မွန်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများက ဥပဒေအရာရှိကျင့်ဝတ်ပါ အချက်များနှင့်စပ်လျဉ်း၍ အချက်တစ်ချက်ခြင်းအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)