ချောင်းဆုံ ဇွန် ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇွန် (၁၀) ရက်နေ့ နံနက်ပိုင်းက ကရင်ဝင်းစိန် (အထက-ခွဲ) ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုနန္ဒာဦးက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ် (ပြန်/ဆက်) ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်အားကစားမှူး ဒေါ်သက်ငုံဖူးက လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် (ပြန်/ဆက်) ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက စာဖတ်ခြင်း အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားကာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)