မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ် လူငယ်စင်တာဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လူငယ်စင်တာဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကျောင်းသားအားကစားကွင်း၌ကျင်းပပြုလုပ်ရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူငယ်စင်တာဖွင့်လှစ်နိုင်ရေး အားကစားခုံ၊ GYM ခန်းမ၊ စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ အိပ်ခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းများတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာရှင်၊ အတတ်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရေးပြင်ဆင်ထားရှိမှုနှင့် လူငယ်များလေ့လာသင်ယူနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။