ကျိုက်ထိုမြို့နယ်၊စစ်တောင်းစံပြကျေးရွာတွင် နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကျိုက်ထို ဇွန် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းစံပြကျေးရွာ၌ နှစ်ထပ် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အခြေခံ မူလတန်းကျောင်း(မြသီတာ)၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌဦးတင့်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စွာဦးနှင့် မြို့နယ်ပညာ‌ရေးမှူးဦးမောင်ညိုတို့က နှစ်ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်မြို့နယ်ပညာ‌ရေးမှူးဦးမောင်ညိုတို့က အဖွင့်အမှာစကား ပြောကြားရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်း အကျိုးတော်ဆောင်တို့က ကျေးဇူးတင်စကား ပြောကြားပြီး ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ထို့နောက် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထား သောဧည့်သည်တော်များက ကျောင်းဆောင်သစ် အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)