မွန်ပြည်နယ်

ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါး(၃၈၈၀၀)ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ အကျိုးဆောင်တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ ပထမပတ်အထိ မိုးစပါး (၃၈၈၀၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၅၉.၄၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်း၌  ခွေးရူးရောဂါအကြောင်း သိကောင်းစရာဟောပြောခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ခွေးရူးရောဂါအကြောင်း သိကောင်းစရာ ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ မိုးရာသီလေပြင်းဒဏ်ခံ “အုန်းပင်စိုက်ပျိုးပွဲ” အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် မိုးရာသီလေပြင်းဒဏ်ခံ “အုန်းပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၊ ပြည်နယ်တရားလွှတ်တော်ရုံးအရှေ့ သံလွင်မြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် မော်လမြိုင်မြို့ရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှု၍ စာအုပ်များ ပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံစိုက်ပျိုးသူများ စျေးကောင်းရ၍ အဆင်ပြေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံစီးပွားဖြစ် စိုက်သူများသီးနှံများ စျေးကောင်းရရှိ၍ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်နှင့် စစ်ဆေးအကဲဖြတ်ခြင်းသင်တန်းဆင်းပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ မျိုးစေ့ချကိရိယာ(seeder)ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့်တောင်သူများ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက နတ်မှော်ကျေးရွာ ကွင်းအမှတ်-၇၇၉(က)ရှိ တောင်သူဦးသန်းထွန်းဝင်း၏ မိုးစပါးစိုက်ဧက(၁၁)ဧကတွင် ဆင်းသုခမျိုးစပါးအား မျိုးစေ့ချကိရိယာ(seeder)ဖြင့် စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ မိုးရာသီသစ်ပင်(နှစ်ရှည်ပင်)စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်(နှစ်ရှည်ပင်)စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်းရွာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်