ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပေါင် ဇူလိုင် ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ် အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ရဲအုပ်စိုးကျော်မှ လူကုန်ကူးမှုနှင့် ပက်သတ်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများနှင့် စပ်လျဥ်းသည့် အကြောင်းအရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် စပ်လျဥ်း၍ ဆောက်ရွက်ခဲ့သည့် အကြောင်းအရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဥ်များနှင့် လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ လူကုန်ကူးမှုနှင့်စပ်လျဥ်း၍ အကြံပြုရှင်းလင်းချက်များကိုလည်းကောင်း၊ စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)