မွန်ပြည်နယ်

မော်လမြိုင်မြို့ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များစုပေါင်းသန့်ရှင်းပွဲ ကျင်းပ

မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသံလွင်မြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ပလပ်စတစ်စွန့်ပစ်အမှိုက်များ ပင်လယ်အတွင်း မျောပါမှုမရှိစေရေးအတွက် စုပေါင်းရှင်းလင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်(အ.ထ.က)ကော့ကရင်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကော့ကရင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ‌တော်၊ လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၏ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ စာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပခြင်းတို့ကို ယနေ့နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်း‌ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) ဘဲရမ်းကျေးရွာစာသင်ကျောင်း၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ(၁/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ကလေး၊ သူငယ်တွေတိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေး၊ အခွင့်အရေးတွေရရှိစေရေး၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးနိုင်ရေးကို ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကော်မတီအနေနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေမှုဆိုသည့် စိန်ခေါ်မှုများမှာ ကလေးအလုပ်သမားအရေးကိစ္စဟာ တစ်ခုအပါအဝင်ဖြစ်တာကြောင့် ပြည်နယ်အတွင်းရှိ စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများမှာ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ဖို့ အလေးထားကြပ်မတ်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

မုဒုံမြို့၌ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၌ လှည့်လည်ဆောင်ရွက်သည်။

ဘီးလင်းမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က ဘိုးရာဇာရပ်ကွက် မင်္ဂလာစျေးနှင့် ကန်သာယာရပ်ကွက်၊ နီလာစျေးတို့တွင် ဆောင်ရွက်ခဲ့သည်။

ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်သတိပြုကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်များ သတိပြုကာကွယ်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ယမန်နေ့မွန်းလွဲပိုင်းက အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်