ချောင်းဆုံ ဇူလိုင် ၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ အကျိုးဆောင်တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ ပထမပတ်အထိ မိုးစပါး (၃၈၈၀၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၅၉.၄၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းတိုးများစေရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြုစိုက်ပျိုးနိုင်ရေး လိုအပ်သည့်သွင်းအားစုမျာ ထောက်ပံ့ပေးခြင်း၊ မြေဩဇာများ သုံးစွဲမှုစနစ်မှန်ကန်စေရေးနှင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်