သံဖြူဇရပ်မြို့နယ် ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်း၌  ခွေးရူးရောဂါအကြောင်း သိကောင်းစရာဟောပြောခြင်း ဆောင်ရွက်

သံဖြူဇရပ် ဇူလိုင်  ၉

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ခွေးရူးရောဂါအကြောင်း သိကောင်းစရာ ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းက ခွေးရူးရောသိကောင်းစရာများဖြစ်သည့် ခွေးရူးရောဂါဆိုတာ ဘာလဲ၊ ခွေးရူးရောဂါကူးစက်စေတတ်သောနည်းလမ်းများ၊ ခွေးရူး ရောဂါဖြစ်နေကြောင်း ဘယ်လို ခွဲခြားသိနိုင်မလဲ၊ ခွေးရူးရောဂါလက္ခဏာများ၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ မိမိ၏အိမ်မွေးခွေး/ကြောင်ကိုခွေးရူးရောဂါမှ ဘယ်လိုကာကွယ်မလဲ၊ သတိပြုလိုက်နာရမည့်အချက်များ၊ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး၊ ကရုပ္ပိတိုက်နယ်ကျန်းမာရေးမှူး မင်းနိုင်ဝင်းက ခွေးရူးရောဂါအကြောင်းကို ဆက်လက်ဟောပြောသည်။

အဆိုပါအခမ်းအနားကို ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၂၀၀ ဦးကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)