မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်​ရေးလှုပ်ရှားမှု လူငယ်စာဖတ်ဝိုင်းကျင်းပ

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပညာ​ရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ယမန်​နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ​မြင့်ထွန်းရေးသားသော ​ကမ္ဘာ​ကျော်သူ​တွေရဲ့အ​ကြောင်း​တွေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

မုဒုံမြို့၌ (နဝမ) ကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (နဝမ) ကြိမ်မြောက် ပညာရေးမိသားစုဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယနေ့နံနက် (၇) နာရီက မြို့မ (၂) ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ အခမဲ့လူနာရှာဖွေကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံမြို့နယ်၌ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် (IOM)အဖွဲ့တို့ပူးပေါင်း၍ နယ်ကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အခမဲ့လူနာရှာဖွေကုသခြင်းများကို နိုဝင်ဘာ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၀)ရက်နေ့က ချောင်းဆုံအရှေ့ရပ်ကွက် ဝင်ဂလုံစေတီဓမ္မာရုံတွင် လူနာရှာဖွေကုသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုက်မရော၌ ကြက်ဟင်းခါးသီးစျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများပြားလာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက် ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှ သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၅)နှစ်မြောက် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလေးသူငယ်များနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအသိပညာပေး ဟောပြောပွဲ၊ပြပွဲ၊ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးခိုးမြူငွေ့လျော့ချနိုင်ရေးအတွက် မော်လမြိုင်(တွဲဖက်) ချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရွာလွတ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကော့ထော်ကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်မြေနေရာ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်လင်းဦးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ချောင်းဆုံမြို့နယ်၌ (၃၅)ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ နိုဝင်ဘာ(၂၁) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အနေဖြင့် အခြေခံပညာဦးစီးဌာနနှင့် ရွှေကျွန်းသာလူမှုကွန်ရက်တို့ပူးပေါင်းကာ (၃၅)ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် ကျင်းပသည်။
Subscribe to မွန်ပြည်နယ်