မုဒုံမြို့၌ (နဝမ) ကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (နဝမ) ကြိမ်မြောက် ပညာရေးမိသားစုဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယနေ့နံနက် () နာရီက မြို့မ () ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဂျုံးဂျုံးဂျဆရာတော် ဘဒ္ဒန္ဒကိတ္တိဝဏ္ဏထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေး၊ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်၍ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းကျောင်းများမှ အလှည့်ကျစတင်ယှဥ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် သြဝါဒဆရာတော်ကြီးကိုးပါးက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဓမ္မာစကြာ (၁၆) သင်း၊ ပဋ္ဌာန်းဒေသနာတော် (၁၀) သင်းဖြင့် () ရက်ကြာ ရွတ်ဆိုပူဇော်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)