ကျိုက်ထိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော

ကျိုက်ထို နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်း‌အောင်နိုင်က ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်အကြောင်း၊ လေထုအလွှာအကြောင်း၊ လေထုညစ်ညမ်းမှုအမျိုးအစားများ၊ တောမီးနှင့် မီးခိုးမြူငွေ့အကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ၊ ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ တောမီးဆိုင်ရာဆောင်ရွက်ထားရှိမှု အခြေအနေများတို့ကို ဆွေးနွေးဟောပြောရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ အ..က(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၂၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)