ချောင်းဆုံ နိုဝင်ဘာ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးခိုးမြူငွေ့လျော့ချနိုင်ရေးအတွက် မော်လမြိုင်(တွဲဖက်) ချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရွာလွတ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး မော်လမြိုင်(တွဲဖက်)ချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ မီးခိုးမြူငွေ့လျော့ချရေး ၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ လျှော့ချနိုင်ရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသိကောင်းစရာများ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)