ကျိုက်မရော၌ ကြက်ဟင်းခါးသီးစျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများပြားလာ

ကျိုက်မရော နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက် ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှ သိရသည်။

အဆိုပါ ကြက်ဟင်းခါးသီးများကို စက်တင်ဘာလမှ စတင်စိုက်ပျိုးပြီး ကြက်ဟင်းခါးပင်ကို အစေ့မှပျိုး၍ အညွန့်တက်လာပါက စင်တင်ပေးကာ စနစ်တကျစိုက်ပျိုးကြပြီး နိုဝင်ဘာလ ပထမအပတ်မှစတင်ကာ ခူးဆွတ်နိုင်ပြီး ယခုချိန်၌ ကြက်ဟင်းခါးသီးတစ်လုံးလျှင် ၈၀၀ ကျပ်မှ တစ်ထောင်ကျပ်ထိရသဖြင့် တစ်နေ့ခူးလျှင် အလုံးရေ ၄၀၀ မှ ၅၀၀ ထိ ခူးနိုင်ပြီးသုံးရက်ခြားတစ်ကြိမ်ခူးရပြီး ဝင်ငွေသုံးသိန်းကျော်ခန့်ရသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိူးနိုင်သဖြင့် စီးပွားဖြစ် စိုက်ပျိုးသူများလာပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုပုံမှန်ဝင်ငွေတိုးပွားကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ဟင်းခါးသီးသည် မီးဖိုချောင်သုံး စားဖိုချောင်သီးနှံဖြစ်ပြီး လူကြိုက်လည်းများသဖြင့် မြေလွတ်များ၌ စီးပွားဖြစ်စိုက်ပျိုးလာကြသူများလာပြီး ရေမြေကောင်းသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ် ထွေး(ကျိုက်မ ရော)