မုဒုံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မုဒုံ မေ ၂၄

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်းပြိုင်နှင့် ဘလောက်ညောင်ဝိုင်းကျေးရွာ၌ ဆောင်ရွက်သည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန္ဒာဝင်းနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက နိုင်ပြိုင်ကျေးရွာတွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ (၁၄ ဒသမ ၇၇) သန်းဖြင့် ကုန်ထုတ်လမ်း အဝင်လမ်း အရှည် ၁၁၀၀ ပေ၊ အကျယ် ၁၂ ပေ × ဒု ၉ လက်မ ကုန်ထုတ်လမ်း၊ ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၃၈ ဒသမ ၃၄)ကျပ်သန်းဖြင့် ပြည်နယ်ကျေး/လက်မှဆောင်ရွက်သည့် မြေသားရေကန် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအားစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)