မော်လမြိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး စကားဝိုင်းကျင်းပ

မော်လမြိုင် မေ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုရောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌  ယမန်နေ့နံနက်ပိုင်းက‌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဥမ္မာ‌ဌေးနှင့် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်းတို့က အဖွင့်အမှာ စကားပြောကြားပြီး  ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ကို ရှင်းလင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဥမ္မာ‌ဌေး၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်းတို့က ဦးဆောင်‌ဆွေးနွေးခဲ့ကြပြီး မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြို့းပြည့်မောင်၊ မော်လမြိုင်မြို့နယ် အမျိုး‌သမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်း၊မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မျိုးထက်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါရီ၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာ‌သင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပြည့်ဖြိုးခိုင်၊ အခြေခံပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်တင်အေးမူ၊ ရွှေဇီဝသဘာဝမြေဩဇာ ထုတ်လုပ်ရေး တာဝန်ခံတို့က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ အသီးသီးပြန်လည်ဖြေကြား၍ အမျိုးသားလွှတ်တော် ကိုယ်စာလှယ် ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)