မော်လမြိုင် မေ ၂၄
မွန်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်သည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ အမှတ် (၁) ဈေးသို့ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းရာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဈေးအတွင်း သန့်ရှင်းသပ်ရပ်မှု၊ ရေစီးရေလာနှင့် မီးဘေးလုံခြုံရေး အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် တွေ့ဆုံကာ ဈေးသာယာလှပရေးအတွက် စည်းကမ်းတကျ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး၊ ဈေးအကျိုးတော်ဆောင်အဖွဲ့၏ တင်ပြချက်များဖြစ်သည့် အများသုံးအိမ်သာ အဆင့်မြှင့်တင်ရေး၊ စနစ်ကျသော ယာဉ်ရပ်နားရာနေရာ ဖော်ဆောင်ရေး အပါအဝင် ဈေးတိုးတက်ရေး လိုအပ်ချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)