မော်လမြိုင် မေ ၂၄
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် မေလ ၂၃ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်း Petroleum Products Handling Process (PPHP)Training Course သင်တန်းအမှတ်စဉ် (၁/၂ဝ၂၆)အခမ်းအနားသို့ တက်ရောက်ပြီးမွန်ပြည်နယ် ရေနံထွက်ပစ္စည်းထိန်းသိမ်းရေးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ချစ်က စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက သိုလှောင်ကန်မီးဘေးလုံးခြုံရေးဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။ ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးနည်းစနစ်၊ ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးဖြင့် မီးသတ်ငြှိမ်းနည်းများဖြင့် လက်တွေ့သရုပ်ပြသနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် မုဒုံ-ကော့ပရံ-ကတုံးပေါ် ဘလောက်ညောင်ဝိုင်း-ဝဲကလိလမ်းပိုင်း ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)