ကျိုက်ထိုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး အသိပညာပေး

ကျိုက်ထို     မေ   ၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မေ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း၊ ပြည်သူ့ဈေးရှေ့၌ ပူးပေါင်းဆောင်ရွက်သည်။

လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး  ဦး‌မောင်ညိုနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ လက်ကမ်းစာစောင်(၂၁၀)ခန့်အား  ခရီးသွားပြည်သူများနှင့် ပြည်သူ့‌ဈေးတို့မှ ဈေးရောင်းဈေးဝယ် ပြည်သူများထံ လိုက်လံပေးဝေခဲ့သည်။

ပြည့်ဖြိုး(ပြန်/ဆက်)