ချောင်းဆုံမြို့ ကလော့ကျေးရွာလယ်ယာကုန်ထုတ်လမ်းအတွင်းရှိ တံတား (၃) စင်း၌ မြေထိန်းနံရံဆောင်ရွက်ပြီးစီး 

ချောင်းဆုံ မေ ၂၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကလော့ကျေးရွာလယ်ယာကုန်ထုတ်လမ်းအတွင်းရှိ တံတား(၃) စင်းတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုအားအခြေအနေများအား မေ ၂၂ ရက် နံနက်ပိုင်းက မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးမြင့်နိုင်ဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။

အဆိုပါ လယ်ယာကုန်ထုတ်လမ်းကို လယ်ယာထုတ်ကုန်များ လွယ်ကူလျင်မြင်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ကျောက်ချောလမ်းလမ်းအရှည် (၁.၅)မိုင်နှင့်အတူ ပေ (၄၀) တံတား (၁) စင်း၊ ပေ(၂၀) တံတား (၂)စင်းဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်ဖြင့် တံတား(၃)စင်းတွင် (၁၅) ပေ (၄) ပေ မြေထိန်းနံရံ ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း ကလော့ကျေးရွာလယ်ယာကုန်ထုတ်လမ်းဆောင်ရွက် ပြီးစီးခဲ့သည့်အတွက် ကျေးရွာ (၃)ရွာမှ ဒေသခံများ၏ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် တောင်သူများ၏ လယ်ဧက ၃၀၀၀ခန့်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကိုကျော်(ချောင်းဆုံ)