မွန်ပြည်နယ်

ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောက်ရေတွင်း-တံခွန်တိုင် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောက်ရေတွင်း-တံခွန်တိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade (5) နှင့် အလယ်တန်းအဆင့် Grade (9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင်မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade(5) နှင့် အလယ်တန်းအဆင့် Grade(9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို အခြေခံကျနားလည်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ​ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ကျိုက်မရော၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ  စိတ်အေးချမ်းသာစွာ စတင်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ်  Grade-5 နှင့် Grade 9 တန်းခွဲများ၏ နှစ်ဆုံးစာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်  ၉ နာရီက အ.ထ.ကကျိုက်မရောနှင့် သက်ဆိုင်ရာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade (5) နှင့် အလယ်တန်းအဆင့် Grade (9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။

ဘီးလင်းမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့မ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ Grade - 9 နှင့် Grade - 5 နှစ်ဆုံး‌တတ်‌မြောက်မှု စာမေးပွဲများ စတင်ဖြေဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ Grade - 9 နှင့် Grade - 5 ကျောင်းသား/ကျောင်းသူတို့အား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက်က စတင်ကျင်းပရာ ပထမစာဖြေနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စာဖြေဌာနအသီးသီးတို့၌ အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9)နှစ်ဆုံးစာမေးပွဲ (ပထမ)နေ့ ဖြေဆို

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9)ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ပထမ)နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ မော်လမြိုင်ခရိုင် အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများမှ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်