ဘီးလင်း ဇူလိုင် ၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့ မင်္ဂလာစျေးရှေ့၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးစောခိုင်ဖြိုးက စွန့်ပစ်အမှိုက်အမျိုးအစားများကို သတ်မှတ်အမှိုက်ပုံးများတွင် စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် အဝါ၊ အစိမ်း၊ အနီ၊ အပြာ အမှိုက်ပုံးအရောင်လိုက် အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြားစွန့်ပစ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက လက်တွေ့သရုပ်ပြသခဲ့ကြသည်။
အဆိုပါ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲသို့ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)