သထုံ ဇူလိုင် ၂
မွန်ပြည်နယ်၊ သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အခြခံပညာမူလတန်း (လွန်) ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ဇွန် ၃၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမင်းဦးနှင့် တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်န်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့၏ အမည်စာရင်းများကြေငြာကာ ကျောင်းအုပ်ကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်း၊ တက်ရောက်သူအားလုံး နိုင်ငံတော်သီချင်း စုပေါင်းသံပြိုင်သီဆိုခြင်း ကျောင်းကောင်စီအဖွဲ့ဝင်များ စီတန်းလှည့်လည်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)