၂၀၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ အထိမ်းအမှတ်အခမ်းအနားအပြင် မွန်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအကအလှများ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ပြခန်းများနှင့် အသေးစား/အငယ်စား/အလတ်စား ထုတ်ကုန်အရောင်းပြခန်းထည့်သွင်း ပြသသွားမည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။