မွန်ပြည်နယ်

မြန်မာခရမ့်ရာဘာထုတ်လုပ်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

M Rubber Company Limited ၏ မြန်မာခရမ့်ရာဘာထုတ်လုပ်ခြင်း စီမံကိန်း၏ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာအစီရင်ခံစာ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ စီမံကိန်းအကြောင်းအရာများရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကြည့်ရှုအားပေးခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှု ကြည်ရှုအားပေးခြင်းနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကိုလေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေး၊ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များကို နေ့စဉ်ထမ်းဆောင်နေရသည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိတ်ဆွေသင်္ဂဟများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မွန်အိုးစတား ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မတ်လ ၄ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနအနီးရှိ နေအိမ်နှင့် စျေးဆိုင်များအား မီးဘေးကြိုတင်ကာကွယ်‌ရေးစစ်ဆေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက မီးလောင်မှု၊ မီးလန့်မှုမရှိစေရေး ကြိုတင်အသိပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နေရပ်ပြန်ရန်ခက်ခဲသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သထုံ)တွင် ပညာသင်ကြားနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်သို့ပြန်ရန် ခက်ခဲနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ နွေစပါး ဧက ၁၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေစပါး ၁၅၇၁ ဧကစိုက်ပျိုးရန်လျာထားပြီး ယခုအခါ ၁၀၄၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက် (၉) နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း၊မုန့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ဝန်ထမ်းသက်သာချောင်ချိရေး စားသုံးဆီများပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ (၃) ပိသာကို ယ‌နေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။

သထုံမြို့နယ်၌ ‌နွေရာသီ အ‌ခြေခံ ပန်းချီနှင့် ဂီတသင်တန်း အခမဲ့ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ‌ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းနှင့် ဂီတသင်တန်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းကစတင်ကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောက်ရေတွင်း-တံခွန်တိုင် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောက်ရေတွင်း-တံခွန်တိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်