ချောင်းဆုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ချောင်းဆုံ မေ ၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ (၂၈) ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာအခမ်းအနားကို (အထက)ချောင်းဆုံ ကျောင်းသား၊ ကျောင်းသူများမှ “အနာဂတ်လူရည်ချွန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ကျောင်းသုံး ပစ္စည်းများပေးခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)