သထုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

သထုံ မေ ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

ဦးစွာ သထုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးက “နိုင်ငံ‌တော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသည့် ယခုနှစ် ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ကြရေး အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးက သထုံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံကို ထောက်ပံ့ပေးအပ်ရာ အခြေခံပညာကျောင်းအလိုက် ကျောင်းသား၊ ကျောင်းသူတို့က လက်ခံရယူခဲ့ကြသည်။

သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၈၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်း ကိုယ်ပိုင်ကျောင်း (၁)ကျောင်းတို့ ဖွင့်လှစ်သွားမည်ဖြစ်ကာ ယမန်နှစ်(၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် KG မှ Grad-12 အထိ ကျောင်းသား၊ ကျောင်းသူ(၄၆၆၇၆)ဦးတို့ တက်ရောက်ပညာသင်ကြားခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)