ချောင်းဆုံ မေ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အရင်းမပျောက် မတည်ရံပုံငွေများ ချထားပေးလျက်ရှိရာ ယမန်နေ့က ကော့ကဒဲ့ကျေးရွာနှင့် အဘစ် (နှီးမုတ်) ကျေးရွာအုပ်စုများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများကို ကျေးရွာများရှိ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေစေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော့ကဒဲ့ကျေးရွာရှိ ဒေသခံ (၁၀၉) ဦးအား ထုတ်ချေးငွေကျပ် (၅၈၃) သိန်း ၊ အဘစ်နှီးမုတ်ကျေးရွာအုပ်စုမှ ဒေသခံ (၁၆၉) ဦးအား ထုတ်ချေးငွေကျပ် (၅၁၅) သိန်း စုစုပေါင်းငွေကျပ် (၁၀၉၈) သိန်းအား ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကိုကျော် (ချောင်းဆုံ)