မွန်ပြည်နယ်

မွန်ပြည်နယ်အတွင်း အကျဉ်း/ အချုပ်ထောင်စခန်း (၁၀) ခု မှ အကျဉ်းသား/သူ (၅၁၃) ဦး လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/ သူများအနက် မွန်ပြည်နယ်အတွင်းရှိ အကျဉ်း/ အချုပ်ထောင်စခန်း (၁၀) ခု မှ အကျဥ်းသား၊ သူ (၅၁၃) ဦးတို့အား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်ကျိုက္ခမီမြို့၌ (၂၆)ကြိမ်မြောက် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ ဘွား (၉၈)ဦးအားသက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကာလတွင် သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန် တော့ခြင်းများ ပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ (၂၆)ကြိမ်မြောက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား သက်ကြီးပူဇော်ပွဲအ ခမ်းအနားကိုဧပြီ ၁၇ ရက်နံနက်ပိုင်းက မြို့လယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ ကမ္ဘာအေးစေတီ ရာမညဓမ္မာသာ လာမွန်ဓမ္မာရုံတွင် သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီ ရာမညဓမ္မသာလာမွန်ဓမ္မာရုံတွင် (၄၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ (မဟာသင်္ကြန်အတက်နေ့) နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ သက်ကြီးပူဇော်ကန်တော့ပွဲတွင် ရှေးဦးစွာ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော် များနာယူကာ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ပြီး ကဒါရပ်ကွက်အတွင်းရှိ အသက် ၈၀ နှစ်အထက် ဘိုးဘွား(၁၅၂)ဦးတို့အား သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ စုပေါင်းကာ အလှူငွေများလှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြ‌သည်။

ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရားရင်ပြင်တော်‌ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့(မဟာသင်္ကြန်အကျနေ့) ညမှစတင်ကာ ညောင်ပင်သာ ကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်

မွန်ပြည်နယ်၊ (ဘီလူးကျွန်း)ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက နှစ်စဉ်ကျင်းပခဲ့ရာ  ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့တွင် ကရင်ဝင်းစိန်ကျေးရွာ တောင်ပေါ်ကြီးဧည့်သည်ခေါ် ဘုရားပွဲတော်နှင့်စတုဒီသာကျွေးမွေး ခြင်းများကိုအစဉ်အလာမပျက် ယဉ်ကျေးမှုနှင့်အညီကျင်းပခဲ့ရာ အေးချမ်းစွာသင်္ကြန်ရေ ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။  

ကျိုက်ထိုမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ယခုနှစ်မဟာအတာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ပြည်သူများ‌ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ‌ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

မဟာသင်္ကြန်အကြတ်နေ့တွင် မုဒုံမြို့ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ်ပြုသူများ စည်ကား

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မဟာသင်္ကြန် (အကြတ်နေ့)၌ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၁၃၈၆ ခုနှစ်၊ မွန်ပြည်နယ် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်မြို့တွင် ၁၃၈၆ ခုနှစ် မွန်ပြည်နယ်လမ်းလျှောက် သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကမ်းနားလမ်း၌ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ် ​အောင်မင်္ဂလာရပ်ကွက်၌ အသက်(၈၂)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၅၇) ဦးအား သက်ကြီးပူဇော်ပွဲပြုလုပ်

၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလတွင် သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန်တော့ခြင်းများ ပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၌ အသက်(၈၂)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား သက်ကြီးပူဇော်ခြင်းကို ဧပြီ ၁၃ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် အန္တရာယ် ကင်းပရိတ်တရားတော်များနှင့် ရတနသုတ်တရားတော်အား ရွတ်ဖတ်ပူဇော်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် နိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအနေဖြင့်  ၂၀၂၅ ခုနှစ် မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးအပါအဝင် ကပ်ကြီး သုံးပါးဘေးတို့မှကင်းဝေးစေရန် နိုင်ငံတော်အေးချမ်းသာယာစေရန်၊ နိုင်ငံအဝန်းဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ပြည်သူများစိတ်ကြည်နူးအေးချမ်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့နယ် ဌာနဆိုင်ရာအသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာဓမ္မာရုံများ၊ စေတီပုထိုး များနှင့်ဌာနဆိုင်ရာရုံးများ၌  ရွတ်ဖတ်ပူဇော်လျက်ရှိသည်။
Subscribe to မွန်ပြည်နယ်