သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြုလုပ်

သထုံ ဩဂုတ် ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအစီအစဉ်ကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားရာတွင် ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး၊ မြို့နယ်ကျန်းမာရေးမှူး ဦးစိုးအောင်တို့ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ဘဝတွက်တာသိမှတ်စရာ ကျန်းမာရေးအသိပညာပေးမေးခွန်းများမေးမြန်းခြင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု၏ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူတို့အား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားရာတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်လှရီနှင့် ဆရာ၊ ဆရာမများ၊ ကျောင်း သား‌၊ ကျောင်းသူများ ပူးပေါင်းပါဝင်ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)