မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် (၁၀)မြို့နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဩဂုတ် ၁၈

၂၀၂၅ ခုနှစ် မွန်ပြည်နယ် (၁၀)မြို့နယ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကာယဗလ(အမျိုးသား)ကီလိုတန်းအလိုက် ယှဉ်ပြိုင်ခြင်း၊ Men Physique ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းနှင့် Model Physique ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသော ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ Men Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပေအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)