မွန်ပြည်နယ်

ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ လက်‌ဝှေ့စိန် ခေါ်ပွဲ ထည့်သွင်းကျင်းပ

မွန်ပြည်နယ်၊ (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်း များစွာကတည်းက နှစ်စဉ်ကျင်းပခဲ့ရာ ဧပြီလ(၂၅)ရက်နေ့က ကမာကေးကျေးရွာ ဆံတော်ရှင် ကျိုက်မူဟွတ် ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ရိုးရာဓလေ့ ယဉ်ကျေးမှုနှင့် အညီ ကျင်းပခဲ့ရာ အေးချမ်းစွာလာရောက်လည်ပတ် ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့် အခြေခံသမဝါယမအသင်းသားများအား အထွက်တိုးမျိုးစပါးများပေးအပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ်၌ လာမည့်မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးကြမည့် အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူများအနေဖြင့် မိုးစပါးအထွက်တိုးကာ အဆင်ပြေစေရန်အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ အောင်နိုင်တိုးအထွက်တိုး မျိုးစပါးများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာဧည့်သည်ခေါ် ဘုရားပွဲ နှင့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာများအတိုင်းကျင်းပခဲ့ပြီး ယမန်နေ့က ကညှော်ကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကိုကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ စည်ကားစွာကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ယဉ်ကျေးမှုဓလေ့နှင့်အညီ ရှေးအစဉ်အလာမပျက် ဧည့်သည်ခေါ် ဘုရားပွဲတော်များကို ဧပြီလ လဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက် အေးချမ်းစွာကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဘုရားဖူး နွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပလျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ဧပြီ(၂၂)ရက် ညနေပိုင်းက နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို အေးချမ်းစွာကျင်းပရာ  လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ ကာယပညာနှင့်အားကစားနည်းပြ (မြို့နယ်) အဆင့် သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့တွင် ၂၀၂၅ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၂) ကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ယမန်နေ့နံနက်က ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ၊ ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၏ ထင်ရှားသည့် နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များ ကျင်းပနေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ကျိုက်တမော့လဲစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီး လုံတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်​နေ့ မော်လမြိုင်မြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရား​တော်များ ရွတ်ဆို​ပူ​ဇော်ပွဲ တက်ရောက်

၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသား ပြည်နယ်သူ ပြည်နယ်သားများ ဥပဒ်ဘေးဒဏ်ရန်အသွယ်သွယ် အန္တရာယ်အဝဝကင်းစင်ပပျောက်စေနိုင်ရန်အတွက် မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပခဲ့ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း အကျဉ်း/ အချုပ်ထောင်စခန်း (၁၀) ခု မှ အကျဉ်းသား/သူ (၅၁၃) ဦး လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/ သူများအနက် မွန်ပြည်နယ်အတွင်းရှိ အကျဉ်း/ အချုပ်ထောင်စခန်း (၁၀) ခု မှ အကျဥ်းသား၊ သူ (၅၁၃) ဦးတို့အား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်