မုဒုံ သြဂုတ် ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတတ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်အသင်းသားများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါအသင်းရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးမင်းသောင်းဟန်က အဖွင့်အမှာစကားပြောကြားပြီး အသင်းအတွင်းရေးမှူးက ပညာသင်ထောက်ပံ့ကြေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ၅ ဘာသာ နှစ်ဦး၊ ၄ ဘာသာ တစ်ဦး၊ ၂ ဘာသာ နှစ်ဦး၊ ရိုးရိုးအောင်မြင်သူ (၁၄)ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းနှင့် ဆုချီးမြှင့်ငွေအား မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)