မွန်ပြည်နယ်

မော်လမြိုင်မြို့နယ်တွင် အန္တရာယ် ကင်းပရိတ်တရားတော်များနှင့် ရတနသုတ်တရားတော်အား ရွတ်ဖတ်ပူဇော်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် နိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအနေဖြင့်  ၂၀၂၅ ခုနှစ် မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးအပါအဝင် ကပ်ကြီး သုံးပါးဘေးတို့မှကင်းဝေးစေရန် နိုင်ငံတော်အေးချမ်းသာယာစေရန်၊ နိုင်ငံအဝန်းဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ပြည်သူများစိတ်ကြည်နူးအေးချမ်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့နယ် ဌာနဆိုင်ရာအသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာဓမ္မာရုံများ၊ စေတီပုထိုး များနှင့်ဌာနဆိုင်ရာရုံးများ၌  ရွတ်ဖတ်ပူဇော်လျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အားကစားကဏ္ဍတိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် ညနေပိုင်းက၊ မော်လမြိုင်မြို့၊ ရာမညအားကစားပြိုင်ကွင်း၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ကျိုက်ထိုမြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ကျိုက်မရောမြို့နယ် အမျိုးသားဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းမှာ ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့်ကိစ္စရပ်များကို ဦးစားပေးအလိုက်ရွေးချယ်ပြီး ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းလျာထားဦးစားပေးရေးဆွဲထားခြင်းကြောင့် (GDP) တိုးတက်မှုနှုန်း (၂.၆) ရာခိုင်နှုန်းရရှိမည်ဟု မျှော်မှန်းထားပါ​ကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေထည့်သွင်းလျာထားသည့် ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးနဲ့ ဆောင်ရွက်ရမည့် စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ရာမှာ ပြည်သူများအတွက် အကျိုးရှိ/မရှိ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု/မပြု၊ ပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိ၊ ဘက်စုံလေ့လာဆန်းစစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ တာဝန်ပေးအပ်လိုက်တဲ့ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် လုပ်ငန်းအလိုက်၊ လအလိုက် စနစ်တကျ စီမံချက်များရေးဆွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက အချိန်နဲ့တစ်ပြေးညီတင်ပြပြီး အတည်ပြုချက်ရယူဆောင်ရွက်သွားကြဖို့ အလေးအနက်ထား ပြောကြားသည်။

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဌာနတွင်းဥပဒေအသိပညာပေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ                

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်ရာ မိမိဌာန၏ရုံးလုပ်ငန်းတာဝန်များအပြင် ဥပဒေဘာသာရပ်များကို သိရှိနားလည်စေရန်ရည်ရွယ်၍ ဌာနတွင်းဥပဒေ အသိပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများအားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်မရော၌  ၃၈ ဖြာ မင်္ဂလာယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၌ ကျောင်းသား၊ ကျောင်းသူများအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် ငယ်စဥ်ကလေးဘဝမှစ၍ ဗုဒ္ဒဘာသာကိုယုံကြည်ကိုးကွယ်ပြီး ဘာသာစာပေများ လေ့လာမှတ်သားနိုင်စေရန်ရည်ရွယ်၍ နွေရာသီ ၃၈ ဖြာမင်္ဂလာယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က သင်္ဃန်းချောင်ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများသည် နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပေါင်မြို့နယ်မင်္ဂလာဈေးအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုပွဲတော် ကျင်းပ

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုပွဲတော်ကို  ယမန်နေ့ညနေ ၃ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်း၌ ကျင်းပခဲ့သည်။

မွန်​​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ်(၂/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ်(၂/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်သည်။

မွန်​​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်၍ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်၊ အဘယ သုတာရာမစာသင်တိုက်၏ ဦးစီးပဓာနနာယက (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်