ချင်းပြည်နယ်

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိ၊ ၂၁ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၂၁ ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။

ဟားခါးမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့ မှစ၍ စတင်ထိုးနှံသည့် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးခြင်းကို ယနေ့တွင်လည်း သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက၊ ဖလမ်းခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များနှင့်အတူ ကိုဗစ်-၁၉ရောဂါ ကြိုကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု အခြေအနေများကို ကွင်းစစ်ဆေးဆောင်ရွက် ကြကြောင်းသိရသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၉ ဦး ထပ်မံရှိ၊ ၃ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၃ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပြုလုပ်သည့် အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဟားခါး၌ပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက် ၁၂ နှင်အထက်၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ဟားခါးမြို့၊ အထက(၁)ခန်းမ၊ အထက(၂)ခန်းမနှင့် အထက(၄) ခန်းမ တို့တွင် ဆေးထိုးစုရပ် သုံးနေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမည်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်  ယနေ့မှစ၍ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၄ ဦး ထပ်မံရှိ၊ ၉ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့၌ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၉ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ထပ်မံတွေ့မှု မရှိ၊ ၁၄ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ‌တွေ့လူနာသစ် ထပ်မံတွေ့ရှိမှုမရှိဘဲ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော် ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားလာနိုင်သဖြင့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ဆောင်ရွက်မှုကို ဖလမ်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခေါင်ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီက၊ ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်နေရာများတွင် အလှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက် ကြောင်းသိရသည်။
Subscribe to ချင်းပြည်နယ်