ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၄ ဦး ထပ်မံရှိ၊ ၉ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး    အောက်တိုဘာ     ၂၆

ဟားခါးမြို့၌ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၉ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။ 

သံသယရှိသူ ၁၇  ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်သည်။ ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၂၆၂ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၁၁၃၆ ဦး၊ သေဆုံးသူ ၃၈ ဦး၊ ဆေးကုသမှုခံယူဆဲ ၈၈ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)