ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွား

ဟားခါး            နိုဝင်ဘာ           ၂

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က နေအိမ် ၂ လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ဝိုင်းဝင်း မီးငြှိမ်းသတ်ရာ ၂ နာရီ ၅၀ မိနစ်တွင် မီးညွန့်ကျိုးပြီး ၂ နာရီ ၅၅ မီနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက် နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်း၏ နေအိမ်နှင့် ကပ်လျက်ရှိသည့်  နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်သည့်နေရာသို့ ခမရ(၂၀၄)မှ ဒုရဲမှူး ညီညီအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး ဦးစီး၍ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ဝိုင်းဝင်းငြှိမ်းသတ် ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။

မောင်တက်လမ်း