ဟားခါး နိုဝင်ဘာ ၂
ဟားခါးမြို့၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၂၁ ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။
သံသယရှိသူ ၂၀ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ထပ်မံတွေ့ရှိခြင်းဖြစ်သည်။ ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၂၈၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၂၀၇ ဦး၊ သေဆုံးသူ ၃၈ ဦး၊ ဆေးကုသမှုခံယူဆဲ ၄၂ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)